Friday, September 23, 2011

ဆရာဝန် တစ်ယောက်ပါလို့ မရေးထားခဲ့ဘူး---အထူးသဖြင့် ဆရာဝန်ဆို မြန်မာလူမျိုး က အထင်ကြီးတယ်
ဆရာဝန်ပြောတာ ဆို မှန်တယ် ဖြစ် နေဆိုးမလို့ပါ-- သူငယ်တစ်ယောက်က ရေးလို့ ၀န်ခံလိုက်ပါ့မယ်
ဗုဒ္ဓ ဘာသာနိုင်ငံ မှာ ဒီလိုအသံတွေကြားနေရမှာပဲ ----ကုလားနိုင်ငံတွေသွားနေပါ့လား ဘာညာပြောလာတဲ့ကလေးတွေ ရှိလာတယ်-----ဒါကြောင် ဆက်ရေး တာပါ
ဟုတ်ပါတယ် ငယ်ငယ်ကတည်းက အရိုးစွဲ ပြီး နေလာခဲ့တဲ့ ဓလေ့ ကိုသွေဖီပြီး ရေးလိုက်တာပါ

ကဲ တရား သံ တွေကို တရားနာ နေကြသလား------ပဌန်း ရွတ်ပါပြီတဲ့ အသံမစဲ ပါဘူး ---နာလည်ကြလား
ဒီ ပဌန်း ပါလိပါသ တွေကို ကျက်မှတ်ဖို့ ကျိုးစားဖူးပါသလား-----ဒါ လူတွေဘက်ကို မေးကြည့်တာ

နောက်တစ်ခုကတော့ ဘုန်းတော်ကြီးတွေက ဟောပါတယ် သူ့အပြစ် ကို ကိုယ့်အပြစ် မဖြစ်စေနဲ့တဲ့
ဒါပေမဲ့ ဖြစ်ပါစေ မှန်တယ်ထင်လို့ ရေးကြည့်မယ်
ဘုန်းကြီးတော်တော်များများ မိုက်ကိုင်ချင်နေကြတယ် ---ဒါ စွဲလမ်းမှု့ ပဲ--မဖြစ်သင့်ဘူး
ဘုန်းကြီးကျောင်းတွေမှာ အသံချဲ့စက် စပီကာတွေ ကိုယ်ပိုင်ဝယ်တယ် ဟိုကျောင်းဒီကျောင်း အပြိုင် ပဲ
စလောင်းထောင်ပြီး ဘောပွဲကြည့်တယ်-----
ပွဲလမ်း သဘင်ရှိရင် လူတွေထက် ဘုန်းကြီးတွေက အသံချဲ့စက်ကို ပိုဖွင့်ချင်တယ်------
ပျော်ချင်တယ်------ဒီချင်တယ် ချင်တယ် ဆိုတာ တက်မက်မှု့ပဲ
မဖြစ်သင့်ဘူး-----
ပြောစရာ ကအများကြီး ကို ကိုယ်တိုင် က ဗုဒ္ဓဘာသာ----ကိုယ်ပေါင်ကိုယ်လှန်ထောင်းသလို မျိုး တွေဖြစ်ကုန်လိမ့်မယ်
ခုပြောနေတာ အသေးအဖွဲကိစ္စ လေးတွေပဲ ရှိသေးတယ်-----ရာဂတဏှာ ကိစ္စ တွေပါတွေ့နေရာပြီ
သာသနာ ပျက်ဖို့ နီးနေတယ်------ဒါကြောင့်လည်း ရေးတာဖြစ်တယ်
သားတွေက အင်တာနက်ဆိုင်ဖွင့်ထားတယ် ရှိတဲ့ စက်အလုံးရေရဲ့တ၀က်က ဘုန်းကြီးတွေ-----
ဒါကတော့ အမှန်ပဲ
ကလားနိုင်ငံသွားနေဖို့ထက် ကိုယ်မြန်မာနိုင်ငံ သာသနာ မကွယ်ပျောက်အောင် စောင့်ရှောက်ကြပါလေ

Tuesday, January 22, 2008

အဆင်ပြေ ချောမွေ့စေရေး

ကိုယ့်ထံမှာ အကြောင်းအမျိုးမျိုးနဲ့ ဆက်နွယ်ပတ်သက် လာသူတွေကို အဆင်ပြေ ချောမွေ့သွားအောင် သူတို့ရဲ့ လိုအင်ဆန္ဒ များကို စာနာစိတ် ပြည့်ပြည့်၀၀ နဲ့ ဖြည့်ဆည်းပေးဘူး ပါရဲ့လား။

အမှတ်မဲ့ပါဘဲ။
တာဝန်ရှိလို့(သို့မဟုတ်)အားနာလို့၊မကောင်းတတ်လို့(သို့မဟုတ်)ကြောက်လို့ ကူညီပေးရတာတွေ
ရှိနိုင်ပါတယ်။ ကူညီဘို့ကို လေးလေးနက်နက် တွေးပြီး လှိုက်လှိုက် လုပ်ကိုင်ပေးသူမျိုး တော့နည်းပေလိမ့်မယ်
ထင်မိပါတယ်။
အမှုမဲ့ အမှတ်မဲ့ နဲ့ သာမန်ကာလျှံကာ ကူညီပေးမိသွားတာမျိုး အဖြစ်များပါလိမ့်မယ်တယ်။

ကိုယ်တွေ့လေးတခု ပြောပြချင်ပါတယ်။
ပုဂံမှာပါ။ ရောက်တဲ့ညမှာ ကားက ၀ါယာရှော့ဖြစ်ပြီးထိုးရပ်သွားပါလေရော။ မလုပ်တတ်မကိုင်တတ် ဖြစ်နေချိန်မှာ ဆိုက်ကားဆရာလေး တစ်ယောက် ရောက်လာပြီး ၀ပ်ရှော့ဆရာခေါ်ပေးတာ၊ ကားကို ၀ပ်ရှော့
ဆွဲယူဘို့ကားတစ်စီးငှါးပေးတာ စသဖြင့် လိုအပ်တာမှန်သမျှ ဒိုင်ခံလုပ်ပေးရှာပါတယ်။ သူ့ကို နုတ်နဲ့ဖွင့်ဟပြီး
ဘာတခုမှ အကူအညီ မတောင်းခဲ့ရပါဘူး။
ကျေးဇူးတင်တဲ့စိတ်ရော ကြက်သီးမွေးညင်းထတဲ့ထိကြည်နူးစိတ်ရော ဖြစ်ပေါ်ခဲ့ရပါတယ်။
အသိတရားတစ်ခုလည်း ရင်တွင်းမှာကိန်းအောင်းပါလာခဲ့သလို မပျက်မပျယ်ရှိလေအောင် ဂရုဓမ္မစိုက်ထုတ်ပြီး
မွေးမြူထားပါတယ်။
သူတပါး ရဲ့လိုအပ်ချက်ကို ကိုယ်ကြိုးမဖက်ဘဲ ပြည့်ဝအောင် ဆောင်ရွက်ပေးသူ ဘယ်လောက်များများ ရှိပါ့မလဲ
ဆိုပြီး ဆက်တွေးကြည့်မိပါတယ်။

သူတပါး အဆင်မပြေဖြစ်အောင်၊ အထစ်ထစ် အငေါ့ငါ့ ဖြစ်အောင်၊ ကသိကအောင့်ဖြစ်အောင်၊ အခက်ခက် အခဲခဲတွေ့ကြုံရလေအောင် လုပ်နိုင်ပါမှ လာဘ်လာဘ ရွှင် ပြီး ကြီးပွါးချမ်းသာ နိုင်ကြတဲ့
နေရာဌာန အသီးသီး ၊ လူတန်းစား အလွှာ အသီးသီး က လူများ ကို စဉ်းစားမိတဲ့ အခါ အထိတ်တလန့် ဖြစ်ရပါတယ်။

လူနာကို စိတ်ချမ်းသာအောင် မဆက်ဆံတတ်တဲ့ ဆရာဝန်တွေ
လူနာကို မကြင်နာတတ်တဲ့ သူနာပြုတွေ
ခရီးသည်ကို မစာနာ မထောက်ထားတဲ့ စပါယ်ရာ၊ ဒရိုင်ဘာတွေ
ဈေးဝယ်သူအပေါ် ညစ်ချင်တဲ့ ဈေးသည်တွေ
အမှုသည်ကို ကြံရည်ညှစ်သလို ညှစ်တဲ့ ရှေ့နေတွေ၊ တရားသူကြီးတွေ
သေးတဲ့အမှုကြီးအောင်၊ ကြီးတဲ့အမှု ရှုပ်အောင် လုပ်တတ်တဲ့ ရဲတွေ
လာဘ်မရရင် ခက်ခဲ ကြပ်တည်းအောင် လုပ်တဲ့ အမှုထမ်း အရာထမ်းတွေ
ကိုယ့်ဆွေမျိုးကောင်းစားရေးရှေးရှုတဲ့ အရာရှိကြီး ငယ်တွေ
ပညာပေးရေး ထက် ဥစ္စာရရေး ဦးစားပေးတဲ့ ဆရာ ဆရာမတွေ

စာရင်းချကြည့်ရင် မဆုံးနိုင်အောင်ပါဘဲ။ လောကကြီးမှာ လူကောင်းသူကောင်းတွေ နည်းပြီး မသူတော်တွေ
ပေါလှချည့်လား လို့ အောချရမလောက်ပါဘဲ။

Sunday, January 20, 2008

ဘ၀င်မကျစရာ အမူအရာ အပြောအဆိုများ

မင်းသားက သူဌေးခန်းကသရုပ်ဆောင်တယ်ဆိုပါတော့။ ခေါင်းမော့ ရင်ကော့ပြီး မျက်နှာကြော ကြီးကတင်းလို့။
စကားပြောတော့လည်း မဲ့ကာ ရွှဲ့ကာ နဲ့ ဟန်ကြီးပန်ကြီး ။
မင်းသမီးက လုပ်ငန်းရှင်သူဌေး ဆိုပါတော့။ ဆုံလည်ကုလားထိုင်ပေါ်မှာ ပက်လက်ကြီးလှန်ထိုင်လို့၊ ဆံပင်တွေကဖွာလန်လို့၊ ပြောပုံဆိုပုံက ပြီတီတီ ပျက်တက်တက်နဲ့၊
မင်းသား မင်းသမီး တွေက ဆင်းရဲတဲ့ အခန်းဆိုပါတော့။ လည်ကြီးလိမ်ပြီး ညိုးချုံး နေလိုက်တာများ။

စကားပြောခန်းတွေမှာလည်းကြည့်အုံးတော့။ စကားလုံးထွားထွားကြီး တွေ ပါးစပ်နဲ့မဆန့်အောင်ပြောနေလိုက်
တာများ။

ဗီဒီယို ရုပ်ရှင်တွေထဲမှာ စကားကြီး စကားကျယ် တွေ သုံးစွဲနေပေမဲ့ အပြင်လောကမှာတော့ ပေါ့နော် ပေါ့နော်
နဲ့ ပေါ့ပျက်ပျက် ပြောဆိုနေကြလေရဲ့။ ဥပမာဆိုပါတော့၊ နိုင်ငံခြားမီဒီယာ တွေက အဖမ်းအဆီးခံရသူတွေရဲ့
မိသားစုတွေကို မေးမြန်းခန်း တွေမှာ။ မီဒီယာတွေက အမေတွေ အမတွေ ဇနီးတွေကို ရွေးမေးလေ့ရှိတယ်။
ကြားရသူတွေ ဂရုဏာ သက်စေဘို့နေမှာပေါ့လေ။ ဒါပေမဲ့ ဖြေတဲ့ အမျိုးသမီး တိုင်းလိုလိုက ဒီလိုပေါ့နော်
ဟိုလိုပေါ့နော် ၊ ပေါ့နော် ပေါ့နော် နဲ့ ပြောနေကြတော့ ကြားရတာပေါ့ပျက်ပျက် ကြီးဖြစ်နေတာပါဘဲ။

သမီးကလေ သမီးကလေ ဆိုတာလည်းရှိသေးတယ်။ အမေအရွယ် အဖေအရွယ် ကိုပြောတာဆို တော်သေးရဲ့။
အဖိုးအရွယ် အဖွားအရွယ် ကိုဆိုရင် မကိုက်တော့ဘူး။ မတိမ်းမယိမ်း အရွယ်ခြင်းပြောတော့ ဆိုးတာပေါ့။
အကိုအရွယ် ဦးလေးအရွယ် ကိုပြောတော့ တောင်တေင်အီအီ တွေးစရာဖြစ်ကုန်တာပေါ့။

မရယ်ရသော ဟာသများ၊ မရယ်ရသော လူရွှင်တော်များ

နာမည်ကြီးလူရွှင်တော်တွေအများကြီးစုစည်းပြီး အငြိမ့်ခွေတွေထုတ်ပေမဲ့ ပျက်လုံးကောင်းတွေ မဖန်တီးနိုင်၊ အပေးအယူ ခွင် ကောင်းတွေမဖန်တီးနိုင်တဲ့အတွက် ရယ်စရာ ဟာသကောင်းတွေ ကွယ်ပျောက်လို့နေပါပြီ။
ပြူးတူးပြဲတဲ လုပ်ပြရုံ၊ ကြောင်တိကြောင်တောင် လုပ်ပြရုံ ဘဲတတ်နိုင်တော့တဲ့ လူပျက်များအဆင့်သို့ လျှောကျလို့နေပါပြီ။ ပရိတ်သတ် ကို ရွှင်အောင် မြူးအောင် စွမ်းဆောင်နိုင်ပါမှ လူရွှင်တော်ဖြစ်မှာ လို့တွေးမိပါ
တယ်။
ပတ်ဝန်းကျင်ကိုလေ့လာရင် ကဘောက်တိ ကဘောက်ခြာ၊ ကမောက်ကမ အဖြစ်အပျက်တွေ တွေ့မှာပါ။ ဟာသညာဏ် အခံဓါတ် ရှိဘို့ဘဲလိုတယ်ထင်ပါတယ်။
စာတွေလဲများများ ဖတ်ဖို့ လိုမယ်ထင်တယ်။ ရှေးသဘင်စာ တွေကိုလည်း ကျက်မှတ်ထားဘို့လိုမယ်ထင်ပါတယ်။
စာသံပေသံနဲ့ ကျကျနန ပြောနိုင်သူတွေ နည်းပါးနေတယ် ထင်ပါတယ်။

ရုပ်ရှင် ဗီဒီယို တွေမှာလည်း လူရွှင်တော် ပါရင်ပြီးရော သဘောနဲ့ထဲ့ထားကြတော့၊ လူရွှင်တော်မှာ ရူးသလို
ပေါသလို ကြောင်တိကြောင်တောင် လုပ်ကွက်တွေနဲ့ဘဲ ပြီးရပါတယ်။
ဇာတ်လမ်းဇာတ်ကွက် ခိုင်ခိုင်မာမာ မဖန်တီးဘဲနဲ့ ဟာသကားတွေရိုက်တော့ မင်းသား၊ မင်းသမီးတွေမှာလည်း
ပေါတောတော ကြောင်တောင်တောင် ဖြစ်နေပါတယ်။ ရယ်စရာမကောင်းတော့ဘဲ ကြည့်ရင်းနဲ့ သူတို့အစား
ရှက်လာမိပါတယ်။

အခြေခံကတော့ ပင်ကိုဓါတ်ခံ ဟာသညာဏ် မရှိဘဲ၊ အပင်ပန်းခံမကြိုးစားဘဲ ပြီးစလွယ် လုပ်နေကြလို့ဖြစ်မှာပါ။
လူတန်းစားမရွေး ရယ်ရွှင်အောင် လုပ်ရတဲ့ ဟာသပညာ ဟာ လွယ်မယောင်နဲ့ခက်၊ တိမ်မယောင်နဲ့ နက်ပါတယ်။ ပေါ့ပေါ့တန်တန် သဘောထား ပြီးလုပ်ရင် ပေါတောတောဘဲ ထွက်လာမယ်။ အဆင့်အတန်းရှိတဲ့ ဟာသ တော့ ဖြစ်မလာနိုင်ဘူးလို့ ထင်မြင်မိပါတယ်။

Saturday, January 19, 2008

စကားဦး

အမှန်များဆိုတာကတော့ ကိုယ့်ဘက်ကကြည့်တဲ့အမြင်များဖြစ်လို့မို့အခြားသူတို့ရဲ့သဘောနဲ့ကိုက်ညီခြင်မှကိုက်ပေမပေါ့။
ဒါပေမဲ့ ဘယ်သူသဘောတူတူ မတူတူ အမှားများမဟုတ်တာကတော့သေချာပါတယ်။

စိတ်ပျက်စရာတခု

ပုဂံတို့ ရွှေစက်တော်တို့ဘက် ဘုရားဖူးထွက်တာ လေး နှစ် အတွင်း ခြောက်ကြိမ် ရှိပါပြီ။ ပုဂံကို လေးကြိမ်၊ ရွှေစက်တော်ကို နှစ်ကြိမ်ပါ။ မိတ္ထီလာက ကျောက်ပန်းတောင်းဘက် ထွက်လိုက်ကတည်းက လမ်းဆိုးတော့တာပါဘဲ။ ကျောက်ပန်းတောင်းကနေ ပုဂံ ထိ လမ်းကကျဉ်း ပေမဲ့ ဖြူးပြီး ဖြောင့်နေတာဘဲ။
နောက် ကျောက်ပန်းတောင်းကနေ ဂွေးချို ၊ ရေနံချောင်းဘက် ကျတော့လည်း လမ်းက ဖြူးဖြောင့် ပြီး နဲနဲကျယ်
တဲ့ အပြင် ဘေးမှာ သစ်ပင်ကြီးတွေ အရိပ်အာဝါသနဲ့ သာသာယာယာ ရှိလှပါတယ်။
မိတ္ထိလာနဲ့ကျောက်ပန်းတောင်း ကြားကြတော့ လမ်းကကျဉ်းလဲကျဉ်း၊ ပေါက်ပြဲနေတာကလည်း အနက်ကြီး အကျယ်ကြီးတွေ။ တနှစ်လဲမပြင်၊ တနှစ်လဲမပြင်ဆိုတော့ ဘာကြောင့်များ ဒိလောက် အခရာ ကျ တဲ့
လမ်းကို ပစ်ထားပါလိမ့် လို့တွေးတောမိပါရဲ့။
လမ်းအသုံးပြုခ တော့ မှန်မှန်ကောက်နေတာဘဲ၊
ဒီလမ်းရှည်ကြီးကို ဖြတ်ရတိုင်း စိတ်ပျက်ရတာတော့ အမှန်ပါဘဲ။

စိတ်အနှောင့်အယှက်ဖြစ်စရာများ

ပြုသူကတော့ ကုသိုလ်ပါပဲ။ တခြားသူတွေအတွက် အကုသိုလ်ဖြစ်စေ တဲ့ကိစ္စတွေ ကြည့်ကြရအောင်။
(1) နံနက်စောစော ဆွမ်းလောင်းအသင်းတွေကဖွင့်တဲ့ လော်စပီကာသံတွေ ရဲ့ဒဏ်ကို ခံစားဘူးကြမှာပါ။
စိတ်အာရုံကြည်ကြည်လင်လင်နဲ့ အလှူ့ရှင်များက သံဃာတော်များကို ဆွမ်းလောင်းလှူနေတဲ့ အခိုက်အတံ့လေးမှာ အေးအေးချမ်းချမ်း တိတ်တိတ်ဆိတ်ဆိတ် ဖြစ်ဖို့ဘယ်လောက်ကောင်းလိုက်သလဲ။
ဘာကိုရည်ရွယ်ပြီး လော်စပီကာကြီးကို တမြို့လုံးကြားအောင်ဖွင့်တာလဲ။ ကြားတဲ့သူတွေမှာ ကုသိုလ်စိတ်ဖြစ်ပေါ်အောင်လို့ဆိုရင်တော့ ရည်ရွယ်ချက် အထမမြောက်တာသေချာပါတယ်။

(2) အသံမစဲပဌါန်းပွဲတွေက လော်စပီကာသံရဲ့ ဒဏ်ကကော သက်သာလို့လား။
ဘာသာရေးမို့ ရေငုံနေကြရတာပါ။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးသာ သက်တော်ထင်ရှားရှိရင် တမြို့လုံးမခံသာအောင် ကျယ်ကျယ်လောင်လောင်ကြီး လော်စပီကာဖွင့်တာကို ခွင့်ပြုတော်မူမယ် မထင်ပါဘူး။
ကျောင်းတွင်းကြားရရုံဆို တော်ပြီပေါ့။ တရားတော်ရဲ့အာနိသင်ဟာ စကြာဝဠာ တတိုက်လုံးကို ပျံ့နှံ့တာဘဲ။
စက် ကူစရာ လိုမယ်မထင်ပါဘူး။

(3) ၀ါသနာရှင်သံဃာတို့ နံနက်စောစော လော်စပီကာနဲ့ထုတ်လွှင့်တတ်ကြတဲ့ ပရိတ်ရွတ်သံ၊ တရားသံ၊ နာရီသံ၊ ဓမ္မတေးသီချင်းသံ တို့ရဲ့ဒဏ်ကလဲ မသေးဘူး။ အလှူအတန်း ရှိရှိ မရှိရှိ သီချင်းသံ တညံညံ ဖြစ်နေပေမဲ့လဲ ကိုယ့်မြို့ ကိုယ့်ရွာ ကိုယ့်ရပ်ကွက်က ဘုန်းကြီး ဆိုတော့ ကြိတ်မှိတ်နေကြရတာ မဟုတ်လား။

(4) အလှူ မဏ္ဍပ်တွေက မိုးမလင်းခင် ဖွင့်တဲ့ တရားသံတွေ၊ သီချင်းသံတွေ ရဲ့ဒဏ်ကော ခံစားဘူးတယ်မဟုတ်လား။ တကယ်တော့ ကိုယ့်အလှူ ကို ကြော်ငြာနေဘို့မလိုဘူးထင်ပါတယ်။ အားရပါးရ
ကြော်ငြာတဲ့အတွက် သာဓုမခေါ်ဘဲ မေတ္တာဝိုင်းပို့ကြမှာ အမှန်ပါဘဲ။

(5) ဒီတခုကတော့ ကုသိုလ်ရေးမဟုတ်ပါဘူး။ လူမှုရေးပေါ့လေ။
မင်္ဂလာဆောင်တွေပါ။ မိုးမှမလင်းသေးဘူး ချစ်ခန်းကြိုက်ခန်း
တွေကို ဖွဲ့နွဲ့စပ်ဆိုထားတဲ့ စုံတွဲသီချင်း တွေကို မရှက်မရွံ့ ကျယ်ကျယ်လောင်လောင်ကြီး ဖွင့်ပြီး မင်္ဂလာယူ
ကြတာ ကြားရတဲ့သူတွေအတွက် အမင်္ဂလာဖြစ်နေတာကို သတိမထားမိကြဘူးနဲ့ တူတာဘဲ။

(6) ဒီတခုကတော့စီးပွါးရေးပါ။ ညသန်းခေါင်၊ ဝေလီဝေလင်း အချိန်တွေမှာ မြို့ထဲ ရပ်ထဲ မောင်းနှင်ကြတဲ့
ခရီးသည်တင်ကားတွေ၊ ကုန်တင်ကားတွေလေ။ တ၀ူးဝူးနဲ့လိီဘာကိုတအားနင်း၊ တဂွမ်ဂွမ်နဲ့ ဟွန်းတအားနှိပ်၊
ဂီယာပြောင်းရင် အသံစုံထွက် နဲ့ ကြဲချင်တိုင်း ကြဲနေကြ တဲ့ဒဏ် ကိုလဲ ခံစားကြဘူးမယ်ထင်ပါတယ်။

ဒါတွေကတော့ စိတ်ကသိကအောင့် ဖြစ်ရတဲ့ တွေးတောမိသမျှ အဖြစ်မှန် အချို့ပေါ့။ မှန်တယ်ဆိုရင် ဘယ်လို
လုပ်ကြမလဲ။